ဟင်္သာတ နိုဝင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ မြို့တော်ခန်းမတွင် ယနေ့နံနက် ၁၀ နာရီခွဲ အချိန်က ၂၀၂၃-၂၀၂၄ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရေးအတွက် ဟင်္သာတခရိုင်အတွင်းရှိ တောင်သူများအား နေကြာ၊ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့များပေးအပ်ရခြင်းရည်ရွယ်ချက်၊ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးရသည့် အားသာချက်၊ ဆီထွက်သီးနှံ နေကြာ စိုက်ပျိုးရန် လျာထားမှုအခြေအနေများ၊ ပန်းတိုင်အထွက်နှုန်းလျာထားမှု အခြေအနေများ၊ စိုက်ပျိုး ဆောင်ရွက်ရမည့် အခြေအနေများနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားပြီးနောက် ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက ခရိုင်အတွင်း စိုက်ပျိုးရေးကဏ္ဍ ဆောင်ရွက်ထားမှု အခြေအနေများအား PowerPoint Presentation ဖြင့် ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များအား ဖြည့်စွက်လမ်းညွှန်ပြောကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့နှင့် ဆီထွက်သီးနှံ နေကြာ မျိုးစေ့များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများထံ ပေးအပ်ခဲ့ပြီး တက်ရောက်လာသည့် တောင်သူများကိုယ်စား ဟင်္သာတမြို့နယ်မှ တောင်သူ တစ်ဦးက ကျေးဇူးတင်စကားပြန်ပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ရဲမှူးကြီးတင်ဇော်ထွန်း၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တိုင်းဦးစီးမှူးများ၊ ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဟင်္သာတခရိုင် စိုက်/တိုး/မြင့်အဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ် စိုက်/တိုး/မြင့်အဖွဲ့များမှ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ မြို့နယ်များမှ နေကြာနှင့် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးကြမည့် တောင်သူများ စုစုပေါင်း (၅၇၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်ဆက်(ဟင်္သာတ)