ဓနုဖြူ နိုဝင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် မြို့နယ်အဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မအူပင်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဓနုဖြူမြို့နယ် မြို့နယ်ပညာရေးမှူး ပူးတွဲတာဝန်ခံ ဆရာကြီးဦးကျော်အောင်မျိုးစိန်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်အဆင့် အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲကိုကျင်းပရာ မြို့နယ်အတွင်း အခြေခံပညာကျောင်းများရှိ Grade-5 မှ Grade-9 အထိ ကျောင်းသား၊ ကျောင်းသူ (၁၅)ဦးက မဲစနစ်ဖြင့် ကျရာခေါင်းစဉ်များအား ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ထို့အပြင် မြို့နယ်အတွင်းကျောင်းများမှ မြို့နယ်ကိုယ်စားပြု Table tennis ၊ ဘက်စ်ကက်ဘော၊ ပိုက်ကျော်ခြင်း၊ ဘောလုံး၊ ကြက်တောင်ရိုက်၊ပြေးခုံပစ်နှင့် ဘောလီဘောစသည့် အားကစား (၇)မျိုးအား ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ကျား/မ အားကစားသမားများရွေးချယ်ခြင်းကို ပြည်သူ့အားကစားကွင်းတွင် ကျင်းပလျက်ရှိကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)