ရွှေသောင်ယံ နိုဝင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ ကျေးလက်ကျန်းမာရေးဌာနခွဲတွင် ယမန်နေ့ နံနက်(၉)နာရီ အချိန်က အသက်(၂)လမှ(၁)နှစ်ခွဲကလေးငယ်များအား ပုံမှန် ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ခြင်းအစီအစဉ်များကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ပုံမှန်ကာကွယ်ဆေးထိုးရာတွင် ကလေးငယ်များအား စာရင်းပေးသွင်းခြင်း၊ ပေါင်ချိန်ခြင်း၊ ဆေးတိုက်၊ ဆေးထိုးခြင်းတို့ကိုပြုလုပ်ပြီး ကလေးငယ်များကိုပုံမှန်ပေါင်ချိန် ပေးခြင်း၊ ပုံမှန် ကာကွယ်ဆေးတိုက်ခြင်း၊ ထိုးခြင်းတို့ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို သားဖွားဆရာမ ဒေါ်မို့မို့ဝင်းမှ ကလေးမိခင်များအားရှင်းလင်းပြောကြားသည်။
သို့ရာတွင်ကလေးမိခင်များ အားပေးထားသည့် ကလေးသူငယ် အစာကျွေးမွေးပြုစုခြင်း လမ်းညွှန်ပါ အချက်အလက်များကိုသေသေချာချာ ဖတ်ရှုကြရန်လိုက်နာကြရန် တိုက်တွန်းမှာ ကြားပေးခဲ့ကြောင်းသိရသည်။
ရွှေသောင်ယံ(ပြန်/ဆက်)