မြောင်းမြခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကွန်ပျူတာအခြေခံသင်တန်း ၂/၂၀၂၃ သင်တန်းဆင်းပွဲ ကျင်းပ

မြောင်းမြ နိုဝင်ဘာ ၃

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် မြောင်းမြမြို့ရှိ ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကွန်ပျူတာအခြေခံသင်တန်း ၂/၂၀၂၃ သင်တန်းဆင်းပွဲကို နိုဝင်ဘာ  ၂ရက်နေ့ ညနေ ၄:၀၀ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ သင်တန်းဆင်းပွဲတွင် ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက သင်တန်းဆင်း အမှာစကားပြောကြားပြီးနောက် သင်တန်းသူ သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ပါသည်။

အဆိုပါ ကွန်ပျူတာအခြေခံသင်တန်း ၂/၂၀၂၃ သင်တန်းကို စက်တင်ဘာလ  (၂၅) ရက်နေ့မှ အောက်တိုဘာလ (၃၁) ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး အခြေခံပညာအထက်တန်းအဆင့် သင်တန်းသား သင်တန်းသူ (၂၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်ဆက် (မြောင်းမြ)