ဒေးဒရဲမြို့၌ ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိ

ဒေးဒရဲ နိုဝင်ဘာ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်မှ မြို့နယ်အတွင်းရှိ ဆောင်းသီးနှံစပါး စိုက်ပျိုးမည့် တောင်သူများကို စိုက်ပျိုးစရိတ်ချေးငွေများအား ချေးငွေညွှန်ကြားချက်၊ စည်းမျဥ်းစည်းကမ်းများနှင့်အညီ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်တွင် ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (၁၉) ရက်နေ့မှ စတင်၍ တစ်ဧကလျှင် ငွေကျပ်(၁၅၀၀၀၀) နှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိရာ ကျေးရွာအုပ်စု(၁၃)အုပ်စု၊ တောင်သူ(၂၆၃)ဦး၏  စိုက်ပျိုးမြေ(၁၈၇၁)ဧက အတွက် ငွေကျပ် (၂၈၀၆၅၀၀၀၀)သိန်း ထုတ်ချေးပြီးစီးသွားပြီဖြစ်ပြီး ကျန်ရှိသည့် ကျေးရွာအုပ်စုများရှိ ဆောင်းရာသီစိုက်ပျိုးစရိတ် ထုတ်ချေးမည့် တောင်သူများအား ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ကုန်ပိုင်းအထိ ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာ ဖွံဖြိုးရေးဘဏ်မှသိရသည်။

အေဇာလင်း