ကျောင်းကုန်းမြို့၌ မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့်သင်္ချာစွမ်းရည်ပြိုင်ပွဲ ကျင်းပ

ကျောင်းကုန်း နိုဝင်ဘာ၃

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် အင်္ဂလိပ်စာစွမ်းရည်နှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက် ၉း၃၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

Grade 5 သင်္ချာစွမ်းရည်မှာ ဖြေဆိုချိန် (၁)နာရီ၊ ဓမ္မဓိဌာန် (၁)နာရီ စုစုပေါင်း(၂)နာရီ ကြာမြင့်မည်ဖြစ်ပြီး၊ Grade 6,Grade 7,Grade 8Grade 9 သင်္ချာစွမ်းရည်မှာ ဖြေဆိုချိန်( (၁း၃၀)နာရီ၊ ဓမ္မဓိဌာန် (၁)နာရီ စုစုပေါင်း (၂း၃၀)နာရီ ကြာမြင့်မည်ဖြစ်သည်။ Grade 5/6/7/8/9 အင်္ဂလိပ်စာစွမ်းရည်မှာ ဖြေဆိုချိန်(၁)နာရီနှင့် ကျပန်း Grade 5မှာ (၃)မိနစ်၊Grade  6/7မှာ (၄)မိနစ်၊ Grade 8/9မှာ (၅)မိနစ်စီ ‌ယှဉ်ပြိုင်ကြရမည်ဖြစ်သည်။ သင်္ချာ စွမ်းရည်ပြိုင်ပွဲသို့ ကျောင်းသား/သူ (၁၁၆)ဦး ဝင်ရောက်ဖြေဆိုပြီး၊ အင်္ဂလိပ်စာစွမ်းရည် ပြိုင်ပွဲသို့ ကျောင်းသား/သူ(၆၄)ဦး ဝင်ရောက် ဖြေဆိုကြသည်။

ကျောင်းကုန်းမြို့နယ်တွင် အတန်းတစ်တန်းလျှင် သင်္ချာစွမ်းရည်ပြိုင်ပွဲမှ အမှတ်အများဆုံး (၁)ဦးသာ စိစစ်ရွေးချယ်မည်ဖြစ်ပြီး၊ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲမှ အမှတ်အများဆုံး (၃)ဦး ရွေးချယ်၍ မနက်ဖြန်နိုဝင်ဘာလ ၃ရက်နေ့တွင် ထပ်မံယှဉ်ပြိုင်ကာ အမှတ်အများဆုံး (၁)ဦးသာ ရွေးချယ်သွားမည်ဖြစ်သည်။ တိုင်း‌အဆင့်ပြိင်ပွဲနှင့် ဗဟိုအဆင့်ပြိုင်ပွဲများသို့ ထပ်မံယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း ပညာရေးဌာနမှ သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)