ထားဝယ် နိုဝင်ဘာ ၃
တနင်္သာရီတိုင်းဒေသကြီး၊ (၁၀)မြို့နယ် ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ရေးအတွက် ထားဝယ်မြို့နယ် ကိုယ်စားပြုအားကစားသမားများ အားကစားနည်းအလိုက် လူရွေးချယ်ပွဲများ ပြုလုပ်ထားရှိပြီးဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ထားဝယ်မြို့နယ် အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား/သူများ ကာယ၊ ဉာဏ၊ စာရိတ္တ မြင့်မားလာပြီး မြို့နယ်ကိုယ်စားပြု အားကစားသမားကောင်းများ၊ ပေါ်ထွက်လာစေရေးနှင့် နိုင်ငံတော်ကအားထားရသည့် မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရေးစသည့် ရည်ရွယ်ချက်များဖြင့် ပြုလုပ်ရခြင်းဖြစ်သည်။
ရွေးချယ်ပွဲတွင် အသက်(၁၈)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံမှ အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် အသင်း(၆)သင်း၊ ပြေးခုန်ပစ်ပြိုင်ပွဲတွင်(၇၂)ဦး၊ ဘော်လီဘော(၈)သင်း၊ ဘတ်စကတ်ဘော(၆)သင်း၊ ကြက်တောင်(၄)သင်း၊ ပိုက်ကျော်ခြင်း(၅)သင်း၊ စားပွဲတင် တင်းနစ်(၄)သင်းစသည့် အားကစားနည်းများ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပြိုင်ပွဲရွေးချယ်ရေး ကော်မတီအဖွဲ့ထံမှ သိရှိရသည်။
ငွေဇင်ယော်(ထားဝယ်)