ငပုတော နိုဝင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင် (၂) ဦးသန်းဦးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများသည် နိုဝင်ဘာ ၂ရက်နေ့ မွန်းလွဲပိုင်းက ကမ်းနီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆီထွက်သီးနှံများ စိုက်ပျိုးလိုသော တောင်သူများနှင့်တွေ့ဆုံပြီး ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ဆီထွက်သီးနှံများ စိုက်ပျိုးမည့် တောင်သူများအနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ပံ့ပိုးမှုများအား ရရှိဆောင်ရွက်နိုင်ကြောင်း၊ ရပ်ကွက်ကျေးရွာ အုပ်စုအလိုက် မြေပဲစိုက်ဧက ၅၀ ရာခိုင်နှုန်း စိုက်ပျိုးနိုင်ရေး၊ ပိုက်ဆံလျှော်မျိုးစေ့များကို တစ်အုပ်စုလျှင် ၅ဧကစီ စိုက်ပျိုးနိုင်ရေးနှင့် အခြားလိုအပ်သည်များကို ဖြည့်စွက်ပြောကြားခဲ့သည်။
ဆက်လက်ပြီး ကမ်းနီကျေးရွာ ကွင်းအမှတ် (၁၃၉၉) ဦးပိုင်အမှတ် (၄၆/၂၂) တောင်သူဦးလှမြင့်၏ လယ်မြေတွင် မနောသုခမိုးစပါး ဆန်ကွက်ရိတ်သိမ်းနေမှုအား ကြည့်ရှု့ခဲ့ကာ ဆန်အရည်အသွေး ကောင်းမွန်စေရေးနှင့် အလေ့အလွင့်မရှိစေရေး မှာကြားခဲ့ကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)