သဲကုန်း နိုဝင်ဘာ ၃
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ(၁)နာရီ အချိန်ကကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင့်နန္ဒာဌေးက ကျောင်းသား/ကျောင်းသူလူငယ်များအနေဖြင့် ဗလငါးတန်ကြွယ်ဝစေရန်နှင့် အနာဂတ်တွင်ခေါင်းဆောင်ကောင်းများ ဖြစ်ထွန်းပေါ်ပေါက်လာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်အတွက် လူငယ်နှင့်ခေါင်းဆောင်မှုအခန်းကဏ္ဍ၊ ရည်မှန်းချက်၊ social media ၏ ကောင်းကျိုး၊ ဆိုးကျိုးများ၊ အားလပ်ချိန်စာပေဖတ်ရှုလေ့လာရန်စသည့် အကြောင်းအရာများကို အကျယ်တဝင့်အသိပညာပေးဟောပြောခဲ့ပြီး လူကုန်ကူးမှုတိုက်ဖျက်ရေး၊ ကလေးအလုပ်သမားပပျောက်ရေး၊ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များပြသခဲ့ပြီး လူငယ်လူရွယ်များက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ကိုကျော်( ပြန်/ဆက်)