ပုလော နိုဝင်ဘာ ၃
တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်တွင် ၂၀၂၃-၂ဝ၂၄ ပညာသင်နှစ် မြို့နယ်အဆင့် အခြေခံပညာ မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည် ရေးဖြေ ပြိုင်ပွဲကို ယနေ့ နံနက် (၁၀) နာရီက ပုလောမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့ရာ အခြေခံပညာ ကျောင်းများမှ ကျောင်းသား/သူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲကို အခြေခံပညာ မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့်တွင် အင်္ဂလိပ်စာနှင့် သင်္ချာဘာသာရပ် သင်ကြား၊ သင်ယူမှုစွမ်းရည် တိုးတက်လာစေရန်၊ ထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူများကို ရွေးချယ်ရန်နှင့် ဗဟိုအဆင့်သို့ ပါဝင်ယှဉ်ပြိုင်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်း ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။
မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် အင်္ဂလိပ်စာ နှုတ်စွမ်းရည် ပြိုင်ပွဲတွင် ကျောင်းသား/ ကျောင်းသူ (၁၇) ဦးနှင့် သင်္ချာစွမ်းရည် (သိမှတ်ဖွယ်ရာ) စွမ်းရည် ရေးဖြေပြိုင်ပွဲတွင် ကျောင်းသား/ ကျောင်းသူ (၃၁) ဦး စုစုပေါင်း (၄၈) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ပုလောမြို့နယ် ဒုတိယလက်ထောက်ပညာရေးမှူး ဦးအောင်ဇော်မိုးနှင့် တာဝန်ရှိသူများက ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အေးအေးမော်(ပုလော)