လောင်းလုံး နိုဝင်ဘာ ၃
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ရုံး Community centre တွင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် ပြိုင်ပွဲများကို ယနေ့ နေ့လယ် ၁၂ နာရီအချိန်က ကျင်းပပြုလုပ်သည်။
အဆိုပါ ဆောင်ရွက်မှုတွင် လောင်းလုံးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သိန်းသိန်းက (၁၀၃) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အကြောင်းနှင့် ပတ်သက်၍ အသိပညာပေး ဟောပြော၍ ဂိမ်းပြိုင်ပွဲအား ပြုလုပ်ကာ ဆုရရှိသူများအား ဦးစီးအရာရှိ အမှတ်တရ လက်ဆောင်ပစ္စည်း များ ပေးအပ်ခဲ့ကြောင်း သိရသည်။
သိန်းသိန်း(လောင်းလုံး)