ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းလုပ်ငန်း စတင်ခြင်း အခမ်းအနားသို့တက်ရောက်

ပုသိမ် နိုဝင်ဘာ ၃

၂၀၂၃ ခုနှစ်၊ တိရိစ္ဆန်ကောင်ရေစာရင်း ကောက်ယူခြင်းလုပ်ငန်း စတင်ခြင်းအခမ်းအနားကို ပုသိမ် မြို့နယ်၊ ပေါက်ကုန်းကျေးရွာအုပ်စု၊ ဘုရားကြီး ကုန်းကျေးရွာ၌ နိုဝင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်၍ လမ်းညွှန်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဒေါက်တာ မိုးမိုးခိုင်က စာရင်းကောက်ပုံစံများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြသည်။ ဆက်လက်၍ တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်း သဏ္ဍန်တူသရုပ်ပြဆောင်ရွက်ခြင်းများ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများက လှည့်လည် ကြည့်ရှုခဲ့ကြရာ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးက စာရင်းကောက်ယူမှု နည်းစနစ်များအား လက်တွေ့သရုပ်ပြခဲ့ကြကြောင်း သိရသည်။

မြင့်ဟန် (ပြန်/ဆက်)