ငပုတော နိုဝင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ အောက်တိုဘာလ ၃၁ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်က အခြေခံပညာ အထက်တန်း ကျောင်း (အထက၊ ငပုတော)၊ နဝရတ်ခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၊ အခြေခံပညာ အထက်တန်းကျောင်းတို့မှ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ(၄၁)ဦး၊ ခေတ္တမြို့နယ်ပညာရေးမှူး ဦးမောင်မောင်စိုး၊ ဒုတိယမြို့နယ် ပညာရေးမှူး ဆရာကြီး ဦးနိုင်လင်းတို့နှင့် တွေ့ဆုံပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်ချက်မြင့်မားရေး ဆောင်ရွက်ထားရှိမှု၊ ဆက်လက်ဆောင်ရွက်နေမှု အခြေအနေများအား တင်ပြဆွေးနွေးကြရာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)