ငရုတ်ကောင်း အောက်တိုဘာ ၂၂
ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ငရုတ်ကောင်းမြို့နယ်အတွင်းရှိ မဲရုံများတွင် တာဝန်ထမ်းဆောင်ကြမည့် ဆရာ၊ ဆရာမများ အတွက် မဲရုံမှူးနှင့် ဒုမဲရုံမှူးသင်တန်းကို ယမန်နေ့နံနက် ၉ နာရီက ငရုတ်ကောင်းမြို့(အထက)ရှိ ရွှေရတုခန်းမ၌ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှကြီးမှူး ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းသို့မဲရုံများတွင် တာဝန်ထမ်းဆောင်ကြမည့် ဆရာ၊ ဆရာမ (၇၄)ဦးနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စု များမှ ရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
မဲရုံမှူးများနှင့် ဒုမဲရုံးမှူး သင်တန်းတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဟန်ဝင်းစိုးနှင့် ကော်မရှင်မှတာဝန်ရှိသူများက မြို့နယ်တွင်းရှိ မဲရုံ(၃၇)ရုံတို့တွင် တာဝန် ထမ်းဆောင်ကြမည့် ဆရာ၊ ဆရာမများနှင့် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များအား ရွေးကောက်ပွဲနေ့နှင့် မဲရုံဆိုင်ရာ ကိစ္စရပ်များ၊ မဲရုံပိတ်ခြင်းနှင့် မဲရေတွက်ခြင်း၊ ရွေးကောက်ပွဲနေ့ လုံခြုံရေးဆိုင်ရာ အကြောင်းအရာများ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်နိုင်ရေးအတွက် စနစ်တကျ မဲပေးနိုင်ရေးနှင့် အထွေထွေ ကိစ္စရပ်များကို သင်ကြားပို့ချ ပေးခဲ့ကြောင်း သိရသည်။
ပြုံးမောင်မောင်(ပြန်/ဆက်)