နတ်မောက် နိုဝင်ဘာ ၃
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်းရှိ တောင်သူများသီးညှပ်အဖြစ် ထည့်သွင်းစိုက်ပျိုးထားရှိသော ပဲစင်းငုံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
နတ်မောက်မြို့နယ်တွင် ဆီထွက်သီးနှံနှင့်ပဲမျိုးစုံအများဆုံးစိုက်ပျိုးပြီး ပဲမျိုးစုံစိုက်ဧကနှင့် အထွက်နှုန်းတိုးတက်ရေး ဦးတည်ဆောင်ရွက်လျက်ရှိသော မြို့နယ်တစ်ခုဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာတွင် တောင်သူများအနေဖြင့် ပဲမျိုးစုံအနက်မှ ပဲစင်းငုံသီးညှပ်များကိုလည်း ပိုမိုစိုက်ပျိုးလာကြသည်။
နတ်မောက်မြို့နယ်အတွင်းရှိ တောင်သူများ ယခုလို ပဲစင်းငုံသီးထပ်သီးညှပ်တိုးချဲ့စိုက်ပျိုးရခြင်း ရည်ရွယ်ချက်ကတော့ ပဲစင်းငုံသီးနှံသည် တစ်ဧကကုန်ကျစရိတ် အနည်းငယ်သာအသုံးပြုရပြီး စျေးကွက်ကောင်းရရှိပါက ဒေသနှင့်ကိုက်ညီ၍ တစ်ဧက အကျိုးအမြတ်အများဆုံးရရှိနိုင်သည့် သီးနှံတစ်မျိုးဖြစ်သည့်အတွက် တောင်သူများအနေဖြင့် ပဲစင်းငုံကို တိုးချဲ့စိုက်ပျိုးကြခြင်းဖြစ်ပါတယ်၊ တိုးချဲ့စိုက်ပျိုးထားရှိတဲ့ ပဲစင်းငုံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုထံမှ သိရသည်။
မူမူစန်း