နတ်မောက် နိုဝင်ဘာ ၃
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်ထားသည့် လုပ်ငန်းများအား ယမန်နေ့က မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ အင်ဂျင်နီယာမှူး ဦးဆောင်၍ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ အဆိုပါ ကွင်းဆင်းစစ်ဆေးခဲ့ရာသို့ မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ အင်ဂျင်နီယာမှူးဦးဆောင်ပြီး နတ်မောက်မြို့ရှိ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်ထားသည့် ကွန်ကရစ်လမ်းများ၊ တံတားများ၊ ရေမြောင်းများ၊ မြေသားလမ်းများအား စစ်ဆေးတိုင်းထွာခြင်းများ ပြုလုပ်ခဲ့ရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် တာဝန်ခံအင်ဂျင်နီယာတို့က လိုက်လံရှင်းလင်းခဲ့ကြကြောင်း သိရသည်။
လှဝင်း