‌ရေကြည်မြို့နယ်တွင် တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်

ရေကြည် နိုဝင်ဘာ ၂

ယမန်နေ့နံနက် ၉ နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ရုံးတုံးကျေးရွာအုပ်စု၊ ကံစုကျေးရွာရှိ အိမ်ထောင်စု(၅၆)စုအား တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ရာ မြို့နယ်တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူရေးလုပ်ငန်းကော်မတီအဖွဲ့က ကွင်းဆင်းကြည့်ရှု အားပေးခဲ့ကြသည်။

အဆိုပါ စာရင်းကောက်ယူခြင်းလုပ်ငန်းကို ရေကြည်မြို့နယ်အတွင်းရှိ ရပ်ကွက်(၃)ခု၊ ကျေးရွာ(၁၀၅)ရွာရှိ ခန်ုမှန်းအိမ်ထောင်စု(၇၅၃၆)စုနှင့် စီးပွားဖြစ်ခြံစာရင်းအား မြို့နယ်လုံးကျွတ် စာရင်းကောက်ယူခြင်း လုပ်ငန်းကို နိုဝင်ဘာလ   (၁)  ရက်နေ့မှ   (၃၀)  ရက်နေ့အထိ  ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရေကြည်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)