ကလေးဝမြို့၌ စားအုန်းဆီများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

ကလေးဝ နိုဝင်ဘာ ၂

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏စီစဉ်မှုဖြင့် ယမန်နေ့နံနက် ၁၀ နာရီကစတင်၍ ‌ ဒေသခံပြည်သူများ၏ စားဝတ်‌နေရေး အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်၍ ပြင်ပပေါက်ဈေးထက် ထက်၀က်ခန့် သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများ ရောင်းချပေးခဲ့သည်။

ထိုသို့ရောင်းချပေးရာတွင် ကလေးဝမြို့မစျေးကြီးရှိ ဒေါ်မြင့်ကြည် ဆီဆိုင်၌ မြို့ပေါ်ရပ်ကွက် အမှတ် (၁)၊ အမှတ် (၃) ရပ်ကွက်ရှိ ဒေသခံ အိမ်ထောင်စု တစ်စုလျှင် စားအုန်းဆီ တစ်ပိဿာကို ငွေကျပ် ၅၉၇၂ ကျပ်နှုန်းဖြင့်၊  ဒေါ်အေးအေးခိုင် ဆိုင်၌ အမှတ် (၂) ရပ်ကွက်ရှိ ဒေသခံ အိမ်ထောင်စု တစ်စုလျှင် စားအုန်းဆီ တစ်ပိဿာကို ငွေကျပ် ၅၉၇၂ ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့သည်။

စားအုန်းဆီများ ရောင်းချပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်မိုး‌အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စားအုန်းဆီများဖြန့်ဖြူရောင်းချနိုင်ရေး ကြီးကြပ်အဖွဲ့က ပြည်သူများထံ စားအုန်းဆီ ရောင်းချပေးနေမှုအား အရောင်းဆိုင်များတွင် စျေးနှုန်းအရေအတွက် ဖော်ပြခြင်းရှိ/မရှိနှင့် သတ်မှတ်စျေးနှုန်းအတိုင်းရောင်းချမှု ရှိ/မရှိတို့အား လိုက်လံစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

(မြို့နယ်ပြန်/ဆက်)