အင်္ဂပူ နိုဝင်ဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းဆိုင်ရာလုပ်ငန်းများကို ယမန်နေ့နံနက် ၁၀ နာရီကအင်္ဂပူမြို့နယ်၊ ထန်းပင်ကန်ကျေးရွာအုပ်စု၊ သဇင်ကွင်းကျေးရွာတွင် စတင်ကောက်ယူခဲ့သည်။
အဆိုပါစာရင်းကောက်ယူနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် တာဝန်ရှိသူများက ကြည့်ရှု့အားပေးခဲ့ပြီး မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာ ဇာနည်အောင်က ၂၀၂၃ ခုနှစ် တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူရန်အတွက် Commcare Application ကိုအသုံးပြု၍ စာရင်းရေးသွင်းနေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။
အင်္ဂပူမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် ရပ်ကွက်(၂)ခု၊ ကျေးရွာအုပ်စု(၆၀) အုပ်စုရှိ၊ ကျေးရွာ(၁၃၀)ရွာကို စာရင်းကောက်အင်အား(၃၅)ဦးဖြင့် စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)