ဝက်လက် နိုဝင်ဘာလ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နေပြည်သူများထံသို့ စားသုံးဆီ သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်စေရန် ယမန်နေ့ နံနက် ၈ နာရီက စတင်ကာ အမှတ်(၃)ရပ်ကွက် လမင်းဆီစက်၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စားအုန်းဆီများ ရောင်းချပေးရာတွင် ဝက်လက်မြို့နယ် စားသုံးဆီရောင်းချမှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသန်းထိုက်စိုးနှင့် အဖွဲ့ဝင်များက ကြီးကြပ်ခဲ့ကြပြီး ဆီတစ်ပိဿာငွေကျပ် (၅၅၀၀) နှုန်းဖြင့် တစ်ဦးလျှင် ဆီ (၅၀) ကျပ်သားကို သက်သာသော ဈေးနှုန်းဖြင့် ပြည်သူ (၅၅၀) ဦး လက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်