မုံရွာမြို့၌၂ဝ၁၂ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကျင်းပ

မုံရွာ နိုဝင်ဘာ ၂

အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့သည် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့် ထုတ်ပေးခြင်း အခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးလူမှုဖူလုံရေးရုံး ၊ မုံရွာမြို့၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ အခမ်းအနားတွင် တိုင်းဒေသကြီးလူမှုဖူလုံရေးရုံး၊ တိုင်းဒေသကြီးတာဝန်ခံအရာရှိက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေ အကြောင်းကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ မုံရွာမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော KANBAWZAX MICROFINANCE (KBX-MF) Co,Ltd.မှ အာမခံအလုပ်သမား ဦးလွင်မျိုးထက်၏ လုပ်ငန်းခွင်ပြင်ပ ထိခိုက်သေဆုံးမှုကြောင့် နာရေးစရိတ် ငွေကျပ်- ၅၃၄၀၀၀/-(ကျပ်ငါးသိန်းသုံး သောင်းလေးထောင်တိတိ)ကို ခွင့်ပြုထုတ်ပေးခဲ့ပြီးဖြစ်၍ ယခုကျန်ရစ်သူမိသားစု အကျိုးခံစားခွင့် ငွေလုံးငွေရင်း ငွေကျပ်-၉,၀၀၀,၀၀၀/- (ကျပ်ကိုးဆယ်သိန်းတိတိ)ကို ခွင့်ပြုထုတ်ပေးခြင်း ဖြစ်သဖြင့် စုစုပေါင်းငွေကျပ်- ၉၅၃၄၀၀၀/-(ကျပ်ကိုးဆယ့်ငါးသိန်းသုံးသောင်းလေးထောင်တိတိ) အား ကျန်ရစ်သူမိသားစုထံသို့ တိုင်းဒေသကြီးတာဝန်ခံအရာရှိမှ ခွင့်ပြုထုတ်ပေးခြင်း ဖြစ်ပါသည်။ ထို့နောက် ကျန်ရစ်သူမိသားစု၏ကိုယ်စား KANBAWZAX. MICROFINANCE ( KBX-MF ) Co,Ltdမှ မုံရွာရုံးခွဲတာဝန်ခံမန်နေဂျာ ဒေါ်ခင်မျိုးသန့်မှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မိတ်ဖက်ဌာနများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရသည်။

ခရိုင်(ပြန်/ဆက်)