လက်ပံတန်း နိုဝင်ဘာ ၂
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့တွင် အမှတ် (၂) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး တပ်ဖွဲ့စိတ် (သာယာဝတီ) မှ လူကုန်ကူးမှုတာဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို မင်းရပ် ရပ်ကွက်၊ ရွှေရောင်အနာဂတ် ကိုယ်ပိုင်အလယ်တန်းကျောင်း စာသင်ခန်းမတွင်၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပခဲ့သည်။
အခမ်းအနားတွင် အမှတ် (၂) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးတပ်ဖွဲ့စိတ် (သာယာဝတီ) မှ တပ်ဖွဲ့စိတ်မှူး ရဲအုပ်ဥက္ကာသွင်က လူကုန်ကူးခံရခြင်းတွင် အများဆုံးဖြစ်ပွားလေ့ရှိသော ပုံစံများ၊ လူကုန်ကူးခြင်းခံရပါက ဆက်သွယ်ဆောင်ရွက်ရမည့် အကြောင်းအရာများ၊ Social Media အသုံးပြု၍ နည်းမျိုးစုံဖြင့် စည်းရုံးနေမှုများအား သတိပြုဆင်ခြင်နိုင်ရေး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမှတ် (၄၁/၂၂) ဖြင့် အတည်ပြုပြဋ္ဌာန်းခဲ့သည့် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ဥပဒေပါအကြောင်းအရာများနှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေပါ အကြောင်းအရာတို့အား projector ပြသ၍အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသော ကျောင်းသား/ကျောင်းသူ ၁၃၅ ဦးအား လူကုန်ကူးမှုတာဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)