အုတ်ဖိုမြို့နယ်၌ တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးလုပ်ငန်းစတင်ဆောင်ရွက်

အုတ်ဖို နိုဝင်ဘာ ၂

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခေါင်းစဉ်ဖြင့် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးလုပ်ငန်း နိုဝင်ဘာလ ၁ ရက်နေ့မှစတင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးလုပ်ငန်းစဉ်များနှင့်ပက်သက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာအဲလစ်ဘက်ဝင်းရှိန်နှင့် ဝန်ထမ်းများမှကြီးကြပ်၍ ကျေးရွာ(၄၉)ရွာ၊ မြို့ပေါ် (၁) ရပ်ကွက်တို့တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)