ဝါးခယ်မ နိုဝင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် သဲးကုန်းကျေးရွာရှိ စိုက်ပျိုးရေးနည်းပညာ ပြန့်ပွားရေး စခန်း၌ ယနေ့မွန်းလွဲ ၁ နာရီခွဲအချိန်က နွေစပါး တစ်ဧက(၁၀)တင်းနှုန်း ပိုမိုထွက်ရှိရေး အထွက်ကောင်းမျိုးများ ပြောင်းလဲစိုက်ပျိုးရန်နှင့် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နေကြာ စိုက်ပျိုးရန် တောင်သူများနှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။
ယင်းတွေ့ဆုံပွဲတွင် မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့်အဖွဲ့ဝင်များမှ သဲကုန်းကျေးရွာ စိုက်ပျိုးရေးနည်းပညာ ပြန့်ပွားရေးစခန်း၌ ဒေသခံကျေးရွာ အုပ်ချုပ်ရေးမှူးများတောင်သူများနှင့်တွေ့ဆုံကာ နွေစပါး(၁)ဧက (၁၀)တင်း ပိုမိုထွက်ရှိရေးအတွက် အထွက်ကောင်း မျိုးများပြောင်းလဲစိုက်ပျိုးရန်၊ ပိုက်ဆံလျှော်၊ မြေပဲ၊ နေကြာဆီထွက်သီးနှံများစိုက်ပျိုးရန် တွေ့ဆုံပြောကြားခဲ့ပြီး တောင်သူဦးပွား၏ မိုးစပါး ကြာကြိုသင်းမျိုးနှင့် နယူးဧရာစပ်မျိုးစပါး စံကွက်ရိတ်သိမ်းရန်ပြင်ဆင်နေမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)