ဘုတ်ပြင်းမြို့နယ်တွင် အမျိုးသမီးငယ်များအား (HPV) သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုး

ဘုတ်ပြင်း အောက်တိုဘာ ၂၂

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် မြို့နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနက အသက် ၉ နစ်မှ ၁၀ နှစ်အရွယ် အမျိုးသမီးငယ်များအား (HPV) သားအိမ် ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးခြင်းကို ယမန်နေ့က အောင်မင်္ဂလာရပ်ကွက်ရုံးတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလမှ ၂၀၂၁ ခုနှစ် ဩဂုတ်လ အတွင်းမွေးဖွားသည့် အသက် ၉ နှစ်မှ ၁၀ နှစ်အရွယ် အမျိုးသမီးငယ်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်း အဖြစ် (HPV) သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးအား ပုံမှန်ကာကွယ်ဆေးထိုး လုပ်ငန်းတွင် ထည့်သွင်းထိုးနှံသွားမည်ဖြစ်ပြီး တစ်ကြိမ်နှင့်တစ်ကြိမ် (၁၂)လခြား၍ (၂)ကြိမ် ထိုးနှံသွားမည်ဖြစ်ကြောင်း သိရသည်။

ဘုတ်ပြင်းမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများရှိ ကျေးလက်ကျန်းမာရေးဌာနခွဲ (၁၈) ခုတွင် ကျန်းမာရေးဝန်ထမ်းများက အောက်တိုဘာလ ၂၀ ရက်နေ့မှ စတင်၍ အသက် ၉ နှစ်မှ ၁၀ နှစ်အရွယ် အမျိုးသမီးငယ် (၉၀၀) ဦးကို (HPV) သားအိမ်ခေါင်းကင်ဆာ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

သန်းထွန်းဦး