လက်ပံတန်း နိုဝင်ဘာ ၁
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ “တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေး” ခေါင်းစဉ်ဖြင့် တိရစ္ဆာန် ကောင်ရေစာရင်း ကောက်ယူရေးလုပ်ငန်းကို ယနေ့နံနက် ၉နာရီ က ကျွန်းကလေးကျေးရွာအုပ်စု ကြို့ချောင်းကျေးရွာ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမင်းအောင် က အမှာစကားပြောကြားပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးလှိုင်ဝင်းစိုး က တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာ စာရင်းကောက်ယူရေး လုပ်ငန်းကို ၂၀၂၃ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှ ဒီဇင်ဘာ ၃၁ ရက်နေ့ထိ သတ်မှတ်ထားပြီး လက်ပံတန်း၌ ရပ်ကွက်/ကျေးရွာ ၆၃ ရွာတွင် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး လိုအပ်သည်များကို မိမိတို့ဌာနအနေဖြင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမင်းအောင်နှင့်အဖွဲ့ဝင်များ၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တိရစ္ဆာန် ကောင်ရေစာရင်းကောက်ယူသည့် သင်တန်းသားများတက်ရောက်ခဲ့ကြပြီး ကျွန်းကလေး ကျေးရွာအုပ်စု ကြို့ချောင်းကျေးရွာတွင် စတင်ကွင်းဆင်းကောက်ယူရာ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန် /ဆက်)