ရွှေတောင်မြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန အမျိုးသားအဆင့် တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်း စတင်ဆောင်ရွက်

ရွှေတောင်  နိုဝင်ဘာ  ၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန အမျိုးသား အဆင့် တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရွှေတောင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတွင် ဖွင့်လှစ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟံဝင်းအောင် က အဖွင့်အမှာစကားပြောကြားပြီး ရွှေတောင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါက်တာ အေးချမ်းဝင်း က တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းနှင့် ပတ်သက်၍ ပြောကြားရာတွင် မြန်မာနိုင်ငံ၏ တိရစ္ဆာန်ကောင်ရေနှင့် တိရစ္ဆာန်ထွက်ပစ္စည်း ထုတ်လုပ်မှုစာရင်းဇယားများအား အတည်ပြုထုတ်ပြန်နိုင်ရန်၊ မြန်မာနိုင်ငံအတွင်းရှိ စီးပွားရေးအရအရေးကြီးသော တိရစ္ဆာန်များ ၏ကောင်ရေစာရင်းအတိအကျရရှိစေရေး၊ တိရစ္ဆာန်များ၏ ကျန်းမာရေးဆိုင်ရာလုပ်ငန်းစီမံချက်များ ရေးဆွဲအကောင်ထည်ဖော် ဆောင်ရွက်နိုင်ရေး စသည့်အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အမျိုးသားအဆင့် တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းကို ရွှေတောင်မြို့နယ်အတွင်းရှိ ကျေးရွာ (၅၉)ရွာနှင့် ရပ်ကွက်(၁)ရပ်ကွက် တို့၌ (၁-၁၁-၂၀၂၃) မှ (၃၁-၁၂-၂၀၂၃) ထိ နှစ်လကြာစာရင်း ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)