သဲကုန်းမြို့နယ်၌ ၂၀၂၃ခုနှစ် အမျိုးသားအဆင့် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်း လုပ်ငန်းများဆောင်ရွက်

သဲကုန်း နိုဝင်ဘာ ၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၂၃ခုနှစ် အမျိုးသားအဆင့် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းလုပ်ငန်း ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဥ်ထွေးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ (CHAW) အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြ​​ကြောင်း သိရသည်။

ဆက်လက် လက်တွေ့ကွင်းဆင်းကောက်ယူရာသို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယဦးစီးမှုး ဒေါ်မေသရဖီသိန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်ကော်မတီအဖွဲ့ဝင်များ၊ (CHAW)အဖွဲ့ဝင်များက  တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်း မေးခွန်းလွှာအားမေးမြန်း၍ Mobile Phone/Tablet များတွင် Commcare Application အား အသုံးပြုထည့်သွင်းခဲ့ကြသည်။

မြန်မာနိုင်ငံ၏ တိရစ္ဆာန်ကောင်ရေနှင့် တိရစ္ဆာန်ထွက်ပစ္စည်းထုတ်လုပ်မှု စာရင်းဇယားများအား အတည်ပြုထုတ်ပြန်ရန်နှင့် တိရစ္ဆာန်ကောင်ရေ တိုးပွားမှုဆိုင်ရာ တွက်ချက်မှုစံနှုန်းများ သုံးသပ်ပြင်ဆင်နိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် အဆိုပါလုပ်ငန်းကို နိုဝင်ဘာလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ သဲကုန်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများ၌ သက်ဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းလုပ်ငန်းကို​ ဆောင်ရွက်သွားမည်​ဖြစ်ကြောင်း သဲကုန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။

ကိုကျော် (ပြန်/ဆက်)