လပွတ္တာ နိုဝင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စုတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ယနေ့နံနက်(၉)နာရီ အချိန်မှစတင်၍ တိရိစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းလုပ်ငန်း စတင်ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါက်တာအောင်နိုင်သိန်း၏ ဦးဆောင်မှုဖြင့် သင်တန်းပေးထားသော စာရင်းကောက်အဖွဲ့များမှ ကောက်ယူဆောင်ရွက်ခြင်းဖြစ်ပြီး စာရင်းကောက်ယူရာသို့ လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးညွန့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရနှင့် တာဝန်ရှိသူများမှ လိုက်ပါကြီးကြပ်ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ စာရင်းကောက်ယူခြင်းလုပ်ငန်းအား ယနေ့ နိုဝင်ဘာ (၁)ရက်မှ စတင်ကာ ဒီဇင်ဘာ (၃၁)ရက်အထိ (၂)လတာအတွင်း တစ်မြို့နယ်လုံး၏ စာရင်းအားပြီးစီးအောင် ကောက်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်