ပြည်ခရိုင်တွင် တိရစ္ဆာန်ကောင်ရေကောက်ယူခြင်း (၂၀၂၃) စတင်ဆောင်ရွက်

ပြည် နိုဝင်ဘာ ၁

စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ခရိုင်အတွင်း မြို့နယ်များ၌ တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်း (၂၀၂၃)စတင်ကောက်ယူရန် ဖွင့်ပွဲအခမ်းအနားကို ပြည်ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၌ ယနေ့နံနက် ၉နာရီကကျင်းပရာ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် ခရိုင်အဆင့်စာရင်းကောက်ကြီးကြပ်ရေးကော်မတီဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် မြို့နယ်အဆင့် စာရင်းကောက်ကြီးကြပ်ရေး ကော်မတီဝင်များ၊ ပြည်မြို့နယ်စာရင်းကောက်အဖွဲ့ (CAHW)များတက်ရောက်သည်။

ဦးစွာ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ပြည်ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာစိုးလင်းက ပြည်ခရိုင်အတွင်း တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေး(၂၀၂၃)ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်သာယာရပ်ကွက်၌ စာရင်းကောက်ယူရေးအဖွဲ့ (CAHW)များ၏ စတင်စာရင်းကောက်ယူခြင်းအား ခရိုင်နှင့် မြို့နယ်စာရင်းကောက်ကော်မတီဥက္ကဋ္ဌများက လိုက်လံကြည့်ရှုအားပေးကြပြီး အဆိုပါတိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်း (၂၀၂၃)ကို ယခုနိုဝင်ဘာ ၁ရက်နေ့မှ ဒီဇင်ဘာ ၃၁ရက်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူမည်ဖြစ်ကြောင်းနှင့် စီးပွားဖြစ်မွေးမြူရေးခြံများအားလုံးကိုလည်း စာရင်းကောက်ယူခြင်း ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ကိုဆက် (ပြန်/ဆက်)