သရက် နိုဝင်ဘာ ၁
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ မြို့မိ၊ မြို့ဖများမှလှူဒါန်းသည့် စုပေါင်းဘုံကထိန်လျာ သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက သာသနာ့ဗိမာန်တော်၌ကျင်းပရာ အခမ်းအနားကို နမောတဿ (သုံးကြိမ်)ရွတ်ဆို ဘုရားကန့်တော၍ ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်သံဃနာယကဥက္ကဋ္ဌ မြခဲတောင်ဆရာတော် ဘဒ္ဒန္တသီလဝံသက ငါးပါးသီလချီးမြှင့်တော်မူပြီး သရက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဇနီးတို့မှ ကထိန်အာနိသင်ရရှိသည့် ရှစ်မျက်နှာကျောင်းဆရာတော်အား ကထိန်လျာဉာတ်သင်္ကန်းနှင့် ဘုံကထိန်အလှူငွေများ ဆက်ကပ်လှူဒါန်းပေးခဲ့ကာ မြို့နယ်သံဃနာယကအဖွဲ့အတွက် အထွေထွေအသုံးစရိတ် အလှူတော်ငွေ (၂၅)သိန်းအား လှူဒါန်းပေးခဲ့သည်။
ထို့နောက် ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများနှင့် မြို့မိမြို့ဖအလှူရှင်များက ကထိန်သင်္ကန်းနှင့် နဝကမ္မအလှူတော်ငွေများကို ပင့်သံဃာဆရာတော်များအား ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ကြွရောက်တော်မူကြသော ဆရာတော်သံဃာတော်များက ပရိတ်တရားရွတ်ပွားချီးမြှင့်တော်မူပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက သာသနာရေးဆိုင်ရာများ လျှောက်ထားကာ မြို့နယ်သံဃနာယကဥက္ကဋ္ဌ မြခဲတောင်ဆရာတော် ဘဒ္ဒန္တသီလဝံသက ကထိန်အနုမောဒနာ တရားဟောကြားပေးခဲ့ပြီး လှူဒါန်းမှုအစုစုအတွက် ငွေကျပ်(၁၁၂)သိန်းအား ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)