ဝေါမြို့နယ်၌ ၂၀၂၃ ခုနှစ် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်

ဝေါ နိုဝင်ဘာ ၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးဆောင်၍ ဝေါမြို့နယ်အတွင်းရှိ တိရစ္ဆာန်ကောင်ရေနှင့် တိရစ္ဆာန်ထွက်ပစ္စည်းထုတ်လုပ်မှု စာရင်းဇယားများအား အတည်ပြုနိုင်ရန်နှင့် တိရစ္ဆာန်ကောင်ရေတိုးပွားမှုဆိုင်ရာစံနှုန်းများကို သုံးသပ်ပြင်ဆင်နိုင်ရန် ရည်ရွယ်၍ ၂၀၂၃ခုနှစ်၊ တရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းလုပ်ငန်းကို ဝေါမြို့နယ်ကျိုက်လှကျေးရွာတွင် ယနေ့နံနက်ပိုင်းမှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် ဝေါမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာချစ်ဇော်ဦးက အောက်တိုဘာ ပထမပတ်အတွင်း တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူမယ့် ဝန်ထမ်းများနှင့် သင်တန်းသားတွေကို အမှတ်စဥ်နဲ့အဖွဲ့တွေ သတ်မှတ်ခြင်း၊ ကောက်ယူမယ့်နည်းစနစ်တွေ သတ်မှတ်ခြင်း၊ နေရာဒေသသတ်မှတ်ခြင်း၊ စာရင်းကောက်ယူမယ့် မေးခွန်းလွှာအား မေးမြန်းဖြည့်သွင်းခြင်း၊ ဖြေကြားသူ၏ အိမ်ထောင်စုဆိုင်ရာ အချက်အလက်များ၊ ကျွဲ၊ နွား၊ ကြက်၊ ဝက်၊ ဆိတ်၊ မွေးမြူရေးတွေနဲ့ ပတ်သက်ပြီး ကောက်ယူရမယ့်အချက်များ၊ စာရင်းကောက်ယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝေါမြို့နယ်အတွင်း တိရစ္ဆာန်ကောင်ရေ စာရင်းကောက်သူမည့်သူ (၁၅)ဦးဖြင့် ကျေးရွာပေါင်း (၂၃) ရွာနှင့် မြို့ပေါ်တစ်ရပ်ကွက်တို့တွင် တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းလုပ်ငန်းကို နိုဝင်ဘာလ ၁ ရက်နေ့မှစတင်ကာ တစ်လအတွင်းပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)