ပွင့်ဖြူ နိုဝင်ဘာ ၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဝါကျွတ်ကာလသက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ခြင်းကို ယမန်နေ့နံနက်ပိုင်းက မကွေးမြို့မှ စေတနာအလှူရှင် ဦးအောင်ထွန်းမြင့် - ဒေါ်စန်းသီတာ (အေးချမ်းမြင့်မိုရ်ရွှေဆိုင်) မိသားစုက ကျေးရွာများသို့သွားရောက်ပြီး အလှူငွေနှင့် လှူဖွယ်ပစ္စည်းများဖြင့် လိုက်လံပူဇော်ကန်တော့ခဲ့ကြောင်း သိရသည်။
အဆိုပါ ဝါကျွတ်ကာလ သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ခြင်းကို မြန်မာ့ရိုးရာယဉ်ကျေးမှုလက်ဆင့်ကမ်းထိန်းသိမ်းကာ မြန်မာလူမျိုးတိုင်းက နှစ်စဉ်နှစ်တိုင်းအစဉ်အလာမပျက် ဆင်နွှဲကျင်းပပြုလုပ်လျက်ရှိရာ ယမန်နေ့က စေတနာအလှူရှင် စေတနာအလှူရှင် ဦးအောင်ထွန်းမြင့်-ဒေါ်စန်းသီတာ (အေးချမ်းမြင့်မိုရ်ရွှေဆိုင်) မိသားစုက ပွင့်ဖြူမြို့နယ် ကျစ်ကိုင်းကျေးရွာ၊ သနပ်ဝကျေးရွာ၊ အုတ်ဖိုကျေးရွာ၊ ဖလံကျင်းကျေးရွာ၊ အနောက်လေးအိမ်ကျေးရွာ၊ ကြူဝန်းကျေးရွာ၊ မကျီးစုကျေးရွာနှင့် ဆည်တော်ကျေးရွာရှိ သက်ကြီးဘိုးဘွား ၁၂၂ ဦးအား အလှူငွေ၊ ဆေးဝါးနှင့် စားသောက်ဖွယ်ရာပစ္စည်းများဖြင့် သွားရောက်ပူဇော်ကန်တော့ခဲ့ကြကြောင်း သိရသည်။ ထိုသို့ သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ရာ၌ လိုအပ်သည်များကို ကျေးရွာရပ်မိရပ်ဖများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)