ဝါးခယ်မမြို့နယ်တွင် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းလုပ်ငန်း စတင်ဆောင်ရွက်

ဝါးခယ်မ နိုဝင်ဘာ ၁

ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ် အူကျွန်းကျေးရွာအုပ်စုတွင် မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ယ‌နေ့နံနက် ၉ နာရီအချိန်တွင် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းလုပ်ငန်း စတင်ဆောင်ရွက်လျက်ရှိသည်။

စာရင်းကောက်ယူရာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါက်တာ သူဇာဝင်းဦးဆောင်မှုဖြင့် သင်တန်းပေးထားသော စာရင်းကောက်များမှ ကောက်ယူ ဆောင်ရွက်ခြင်းဖြစ်ပြီး စာရင်းကောက်ယူရာသို့ မြို့နယ်တိရစ္ဆာန်‌ကောင်ရေစာရင်း ကောက်ယူရေး လုပ်ငန်းကော်မတီဝင်များ လိုက်ပါကြီးကြပ်ဆောင်ရွက်ခဲ့ကြပြီး ဝါးခယ်မမြို့နယ်အတွင်း ကျေးရွာအုပ်စု (၇၃)အုပ်စုနှင့် ရပ်ကွက်(၄)ရပ်ကွက်အား တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေး ဆင့်ပွားသင်တန်း ပို့ချထားသော စာရင်းကောက်များမှ နိုဝင်ဘာလ(၁)ရက်နေ့မှစတင်ကာ ဒီဇင်ဘာလ (၃၁)ရက်နေ့ထိ နှစ်လတာအတွင်း တစ်မြို့နယ်လုံး စာရင်းကောက်ယူခြင်းလုပ်ငန်းအား ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)