အင်္ဂပူ နိုဝင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ မိုးစပါး သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) သုတေသန စမ်းသပ်ကွက် ရိတ်သိမ်းခြင်းကို ယနေ့နံနက်ပိုင်းက အောက်ရွာကြီးကျေးရွာအုပ်စု၊ ကြို့ကုန်းကျေးရွာ ကွင်းအမှတ် (၇၅၉) မဲဇလီတောင်၊ ဦးပိုင် ၁၂၉ ရှိ တောင်သူဦးရာဇာအောင်၏ လယ်မြေ (၁.၀၀) ဧကတွင် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) သီးသန့်ထည့်သွင်းစိုက်ပျိုးသည့် စမ်းသပ်ကွက်တွင် ပြုလုပ်ခဲ့သည်။
အဆိုပါ စမ်းသပ်ကွက်ရိတ်သိမ်းနေမှုကို မြို့နယ်အဆင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုလုပ်ငန်း အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါ စံကွတ်ရိတ်သိမ်းရာသို့ မြို့နယ်အဆင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှု လုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ တက်ရောက်ခဲ့ကြောင်းနှင့် သင့်စံကွက် တစ်ဧကရိတ်သိမ်းရာ ပျမ်းမျှစပါးအစို အထွက်နှုန်း (၇၉.၉၁)တင်းနှုန်း ထွက်ရှိကြောင်း သိရသည်။
မန်းကျော်၊အင်္ဂပူ(ပြန်/ဆက်)