ရေတာရှည်မြို့နယ်၌ ၂၀၂၃ ခုနှစ် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ရေတာရှည် နိုဝင်ဘာ ၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၂၃ခုနှစ် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉း၃၀)နာရီအချိန်က ကြံသနွယ်ကျေးရွာအုပ်စု နန်ချွန် (အနောက်) ကျေးရွာ၊ ရွာဦးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းမှ တိရစ္ဆာန်‌ကောင်ရေစာရင်း ကောက်ယူရေးအောင်မြင်စေရန်ရှင်းလင်းပြီး အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာကြည်လင်က Commcare user guide အသုံးပြုနည်းနှင့် Mobile phone/Tablet အသုံးပြု၍ Commcare application အသုံးပြု၍ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးချုပ်သို့ တိုက်ရိုက်ပေးပို့ခြင်းနည်းပညာဖြင့်‌ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းခဲ့သည်။

အဆိုပါ တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းအား ရေတာရှည်မြို့နယ်အတွင်း ကျေးရွာ(၆၁)ရွာရှိ ခန့်မှန်းအိမ်ထောင်စု စုစုပေါင်း ၈၆၇၃ စုတွင် အဖွဲ့ ၅ ဖွဲ့ဖြင့် နိုဝင်ဘာလ ၁ ရက်နေ့မှစတင်၍ (၃၁-၁၂-၂၀၂၃)ထိ ကောက်ယူဆောင်ရွက်သွားမည်ဖြစ်ပြီး လက်တွေ့ကွင်းဆင်းဆောင်ရွက်ရာသို့ မြို့နယ်တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးဥက္ကာသန်းနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ရေတာရှည် (ပြန်/ဆက်)