နတ်တလင်းမြို့၌ တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

နတ်တလင်း နိုဝင်ဘာ ၁

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ “တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေး”ခေါင်းစဉ်ဖြင့် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀နာရီ အချိန်က ကျွန်းကလေးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ နတ်တလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးတို့မှ အမှာစကားပြောကြားခဲ့ပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာအိဝေကျော်မှ တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးလုပ်ငန်းစဉ်များနှင့် ပက်သက်၍ ရှင်းလင်းပြောကြားရာ စာရင်းကောက်ယူရေးလုပ်ငန်းကို (၁.၁၁.၂၀၂၃)ရက်နေ့မှ (၃၁.၁၂.၂၀၂၃)ရက်နေ့ထိ သတ်မှတ်ထားပြီး သတ်မှတ်ကာလအတွင်း စာရင်းကောက်ယူရာတွင် အချိန်မီပြီးစီး အောင်ဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များကို မိမိတို့ဌာနအနေဖြင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် အတွင်းရေးမှူး ဒုတိယရဲမှူးကြီး မောင်မောင်အောင်၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူသည့် သင်တန်းသားများ တက်ရောက်ခဲ့ကြပြီး ကျွန်းကလေးကျေးရွာအုပ်စု ကျွန်းကလေးကျေးရွာတွင် စတင်ကွင်းဆင်ကောက်ယူရာ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး (ပြန်/ဆက်)