မင်းတုန်း နိုဝင်ဘာ ၁
မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့ အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့နံနက် ၉ နာရီက တိရစ္ဆာန်စာရင်းကောက်ယူခြင်းလုပ်ငန်း အခမ်းအနားကျင်းပရာ ဌာနဆိုင်ရာတာဝန်ခံများနှင့် တိရစ္ဆာန်ကျန်းမာရေးလုပ်သားများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းက အဖွင့်အမှာစကားပြောကြားပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာခိုင်ယဉ်ဌေးက တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဒေါက်တာခိုင်ယဉ်ဌေးနှင့် တိရစ္ဆာန်ကျန်းမာရေးလုပ်သားများက အမှတ်(၄)ရပ်ကွက်အတွင်း လက်တွေ့ကွင်းဆင်း၍ တိရစ္ဆာန်ကောင်ရေစာရင်း စတင်ကောက်ယူခဲ့ကြပြီး ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ကျေးရွာများတွင် ဆက်လက်ကောက်ယူသွားမည် ဖြစ်သည်။
ထိုသို့ တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းဖြင့် မွေးမြူရေးကဏ္ဍဆိုင်ရာ အချက်အလက်များ ပြန်လည်သုံးသပ်နိုင်ခြင်း၊ တိရစ္ဆာန်ကောင်ရေတိုးပွားမှု စံနှုန်းများတွက်ချက်၍ မြန်မာနိုင်ငံရှိ တိရစ္ဆာန်ကောင်ရေစုစုပေါင်းအား အတည်ပြုနိုင်ခြင်း၊ တိရစ္ဆာန်ကောင်ရေစာရင်းအား အခြေပြု၍ မွေးမြူမှု ဖွံ့ဖြိုးတိုးတက်ရေး၊ တိရစ္ဆာန်ကျန်းမာရေးနှင့် အာဟာရဆိုင်ရာ စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်နိုင်ခြင်းနှင့် မွေးမြူထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာစီမံချက်များ ချမှတ်အကောင်အထည်ဖော် ဆောက်ရွက်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)