တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ညောင်တုန်းမြို့ရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေး

ညောင်တုန်း နိုဝင်ဘာ ၁

တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့  မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)သည် ယနေ့နံနက် ၉နာရီ အချိန်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့၊ အမှတ်(၁)ရပ်ကွက် ဆိပ်ကမ်းသို့ ရောက်ရှိ၍ ကျောင်းကြီး ဘုန်းတော်ကြီးကျောင်းတိုက်၊ ကုဏ္ဍလာရာမ သာသနာ့ဗိမာန်တွင်အခြေပြု၍ မြို့နယ်အတွင်းရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိသည်။

ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ဆေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်မှူးကြီး သန်းဝင်းထွန်းနှင့် ရေယာဉ်အုပ် ဗိုလ်မှူး မင်းသိန်းတို့ ဦးဆောင်၍ အင်အား (၈၄)ဦးပါဝင်သော တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့သည် အထွေထွေရောဂါ၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ သားဖွားမီးယပ်နှင့် ကလေးများတွင် ဖြစ်ပွားတတ်သော ရောဂါများကို ဆေးကုသမှုပါရဂူ အသီးသီးဖြင့် မြို့နယ်အတွင်းရှိ သံဃာတော်များနှင့် ပြည်သူများအား ကျန်းမာရေးစစ်‌ဆေးခြင်း၊ ကုသခြင်းများ စသည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ကိုဆောင်ရွက်ပေးလျက်ရှိရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များက လိုအပ်သည်များကို ကူညီ‌ပေါင်းစပ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)