ထန်းတပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ရပ်ရွာအခြေပြု အမျိုးသမီးဝတ် (အဆင့်မြင့်) အပ်ချုပ်သင်တန်းဖွင့်ပွဲ ကျင်းပ

ထန်းတပင် နိုဝင်ဘာ ၁

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဖရေးဦးစီးဌာနနှင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်းကာ ထန်းတပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန် ကရပ်ရွာအခြေပြု အမျိုးသမီးဝတ် (အဆင့်မြင့်) အပ်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။

အဆိုပါသင်တန်းဖွင့်ပွဲတွင် တောင်ငူခရိုင်လူမှု ဝန်ထမ်းဦးစီးဌာန အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းမှ ကျောင်းအုပ်ကြီး ဒေါ်ဌေးဌေးမြင့်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် သင်တန်းစည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ တာဝန်ရှိသူများက သင်တန်းသူများအား သင်ထောက်ကူပစ္စည်းများကို ပေးအပ်ခဲ့သည်။

ယင်းသင်တန်းသို့ ထန်းတပင်မြို့နယ်အတွင်းမှ သင်တန်းသူ (၂၅) ဦး တက်ရောက်ခဲ့ကြပြီး နည်းပြများက စတစ်ကော်လံအင်္ကျီ၊ ဂျပန်ရင်ဖုံး၊ ဂျပန်လည်ထောင်၊‌ လေးလွှာစကတ်နှင့် ကုတ်အင်္ကျီအမျိုးမျိုးတို့အား ဘာသာရပ်များအလိုက် စာတွေ့လက်တွေ့သင်ကြား ပြပေးသွားမှာဖြစ်သည်။

သင်တန်းကာလမှာနိုဝင်ဘာ လ(၁)ရက်‌ နေ့ မှ(၂၄)ရက်နေ့ထိဖွင့်လှစ်သွားမည်ဖြစ်ပြီး အပ်ချုပ်သင်တန်းတွင် ချုပ်ထည်များကို လက်ရာသေသပ်လှပစွာဖြင့် အပ်ချုပ်နိုင်သည့် အကောင်းဆုံးဆုရရှိသူတစ်ဦးအား အပ်ချုပ်စက်အစုံတစ်လုံး ဂုဏ်ပြုပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း ကျောင်းအုပ်ဆရာ မကြီးဒေါ်ဌေးဌေးမြင့်ထံမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)