ငွေဆောင် နိုဝင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ ငွေဆောင်ကမ်းခြေသို့ ပွင့်လင်းရာသီအတွင်း ခရီးသွားဧည့်သည်များ ဝင်ရောက်မှု များပြားလျက်ရှိရာ မြို့စည်ပင်သာယာရေးအဖွဲ့မှ ခရီးသွားဧည့်သည်များ စိတ်အေးချမ်းပျော်ရွှင်စွာ အနားယူအပန်းဖြေနိုင်ရေးနှင့် ခရီးသွားများကို ဆွဲဆောင်နိုင်သည့် သန့်ရှင်းသာယာလှပသော မြို့ဖြစ်လာစေရေးအတွက် မြို့သန့်ရှင်းသာယာလှပရေး လုပ်ငန်းများအား အလေးထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်မှုအား မြို့စည်ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိ ဦးသက်မင်းဦး၏ ဦးဆောင်မှုဖြင့် မြို့စည်ပင်သာယာရေးအဖွဲ့ဝင်များမှ မြို့အဝင်ဆိုင်းဘုတ်အား အလှဆင်ခြင်း၊ ပန်းအလှပင်များ စိုက်ပျိုးခြင်း၊ မြို့အဝင်လမ်းမကြီး လမ်းဘေးဝဲယာအား ခြုံနွယ်ပေါင်းမြက်များ ရှင်းလင်းခြင်း၊ ပလက်ဖောင်းများနှင့် မြို့အလှဆင်ထားသော နေရာများအား ဆေးရောင်စုံသုတ်ခြင်း၊ ကမ်းခြေသန့်ရှင်းသာယာလှပရေး ဆောင်ရွက်ခြင်း၊ မြို့အတွင်းရှိ အမှိုက်များအား အမှိုက်သိမ်းကားဖြင့် နေ့စဉ် သိမ်းဆည်းပေးခြင်း၊ ကမ်းခြေဆင်းလမ်းများ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်