ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ကန်ကြီးထောင့်မြို့နယ်ရှိ မတ်ပဲစိုက်ပျိုးထားရှိမှုအား လာရောက်ကြည့်ရှုစစ်ဆေး

ကန်ကြီး‌ထောင့် နိုဝင်ဘာ ၁

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့သည် ပုသိမ်ခရိုင်၊ ကန်ကြီး‌ထောင့်မြို့နယ်၊ သဘော့ငူကျေးရွာအုပ်စု၊ သဘော့ငူကျေးရွာရှိ မတ်ပဲစိုက်ပျိုးထားရှိမှုအား  ယနေ့နံနက်ပိုင်းက လာရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်   ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ ကန်ကြီးထောင့်မြို့နယ်၊ သဘော့ငူကျေးရွာအုပ်စု၊ သဘောငူကျေးရွာ၊ ကွင်းအမှတ် ၁၈၇-Eရှိ တောင်သူ ဦးသက်ပိုင်စိုး၏ လယ်မြေ (၃)ဧက တွင် မတ်ပဲစိုက်ပျိုးထားရှိမှုအား လာရောက်ကြည့်ရှုခဲ့သည်။

ထိုသို့ လာရောက်ကြည့်ရှုရာတွင် ကန်ကြီးထောင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးရဲနိုင်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသခဲ့ကြပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်   ဦးတင်မောင်ဝင်းက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ကျော်ဇင်စိုး(ပြန်/ဆက်)