ဝါးခယ်မ နိုဝင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့ သကျမဟာသီရိမြတ်စွာဘုရားကြီး ရွှေထီးတော်တင်လှူရေးနှင့် ဘက်စုံပြုပြင်မွမ်းမံရေး အလှူတော်ငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို မဟာပုညတန်ဆောင်းတွင် ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုပူဇော်၍ စတင်ဖွင့်လှစ်ပြီး မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ တိပိဋကဓရ ဘဒ္ဒန္တခေမာစာရ ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ သကျမဟာသီရိဘုရားကြီး ရွှေထီးတော်တင်လှူနိုင်ရေးနှင့် ဘက်စုံပြုပြင်မွမ်းမံရေး အလှူတော်ငွေ ပေးအပ်လှူဒါန်းခြင်း၊ ဘုရားကြီးကော်မတီဥက္ကဋ္ဌ ဦးသန်းရှိန်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခြင်း၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ တိပိဋကဓရ ဘဒ္ဒန္တ ခေမာစာရ ဆရာတော်ကြီးထံမှ ရေစက်ချအနုမောဒနာတရား နာယူကြည်ညိုခြင်းနှင့် ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆိုပူဇော်၍ အခမ်းအနားအောင်မြင်စွာ ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းဌေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဘုရားကြီးဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)