ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ  နိုင်ငံတော်အဆင့် မြေပြင်တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းကို ယနေ့နံနက် (၇:၀၀) နာရီအချိန်က မြောင်းမြမြို့နယ်၊ ဘုရားချောင်းကျေး

မြောင်းမြ နိုဝင်ဘာ ၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ  နိုင်ငံတော်အဆင့် မြေပြင်တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းကို ယနေ့နံနက် (၇:၀၀) နာရီအချိန်က မြောင်းမြမြို့နယ်၊ ဘုရားချောင်းကျေးရွာအုပ်စု၊ စမ်းချောက်ကလေး ကုလားကုန်းကျေးရွာတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ မြေပြင်တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းသည် မြန်မာနိုင်ငံ၏ တိရစ္ဆာန်ကောင်ရေနှင့် တိရစ္ဆာန်ထွက်ပစ္စည်း ထုတ်လုပ်မှု စာရင်းဇယားများအား အတည်ပြု ထုတ်ပြန်နိုင်ရန်နှင့် တိရစ္ဆာန်ကောင်ရေ တိုးပွားမှုဆိုင်ရာ တွက်ချက်မှုစံနှုန်းများအား သုံးသပ် ပြင်ဆင်နိုင်ရန် ရည်ရွယ်၍ နိုင်ငံတော်အဆင့် တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်း ဖြစ်ကြောင်း သိရပြီး စာရင်းကောက်ယူရာတွင် မြောင်းမြခရိုင် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေး  လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးစန်းဌေးနှင့်  ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ် တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးနော်မိုင်လှကြည်နှင့်  အဖွဲ့ဝင်များက သွားရောက် အားပေးခဲ့ကြောင်း သိရသည်။

ဇေယျာ(ပြန်/ဆက်)