ကြို့ပင်ကောက် နိုဝင်ဘာ ၁
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးဆောင်၍ အမျိုးသားအဆင့် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းလုပ်ငန်းကို နိုဝင်ဘာလ ၁ ရက်နေ့မှစ၍ စာရင်းကောက်အဖွဲ့များခွဲကာ ဆောင်ရွက်လျက်ရှိရာ မြို့နယ်ကော်မတီအဖွဲ့က ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ တိရစ္ဆာန်ကောင်ရေနှင့် တိရစ္ဆာန်ထွက်ပစ္စည်း ထုတ်လုပ်မှုစာရင်းဇယားများအား အတည်ပြုထုတ်ပြန်နိုင်ရန်နှင့် တိရစ္ဆာန်ကောင်ရေတိုးပွားမှုဆိုင်ရာ တွက်ချက်မှုစံနှုန်းများအား သုံးသပ်ပြင်ဆင်နိုင်ရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ ကျေးရွာ ၅၄ ရွာနှင့် မြို့ပေါ်ရပ်ကွက် ၂ ခုတို့တွင် အမျိုးသားအဆင့် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းလုပ်ငန်း ဆင့်ပွားသင်တန်းတက်ရောက်ခဲ့ကြသော ကျေးရွာတာဝန်ခံများက ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ အိမ်တိုင်ယာရာက်စာရင်းကောက်ယူခြင်း ဆောင်ရွက်သွားမည်ဖြစ်ကြာင်း သိရသည်။
၂၀၁၈ ခုနှစ်က အိမ်ထောင်စု ၅၉၄၁ စုအားစာရင်းကောက်ယူခြင်း ဆောင်ရွက်ခဲ့ရာ နွား ၂၅၈၅၉ ကြက် ၃၆၈၀၆၈ ကောင်၊ ကျွဲ ၁၆၁၆ ကောင်၊ မြင်း ၁၂၅ ကောင်၊ ဆိတ် ၁၉၂၇ ကောင်၊ ဝက် ၁၅၅၁၈ ကောင်၊ ခွေး ၁၅၈၆၁ ကောင်၊ ငုံး ၁၁၉၈၇ ကောင်၊ သိုး ၂၅ ကောင်စာရင်းကောက်ယူရရှိခဲ့ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။
ဇေယျာထွန်း