ကော့သောင်း အောက်တိုဘာ ၂၂
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးရှေ့တွင် ၈ ပေ ၄ ပေ သီခြားပြဘုတ်ဖြင့် ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားမှုနှင့်ပတ်သက်၍ UNESCO ကပေးပို့လာသည့် အသိပညာပေးရုပ်ပုံများအား ယနေ့နံနက်က ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ပြသဆောင်ရွက်ထားရှိကြောင်း သိရသည်။
အသိပညာပေး ပြသဆောင်ရွက်မှုတွင် ကိုဗစ် - ၁၉ ရောဂါ ကာလအတွင်း သတင်း အချက်အလက်ဝန်ပိမှုကို စီမံခန့်ခွဲခြင်းဆိုင်ရာများ၊ အသတင်းအချက်အလက် ဝန်ပိခြင်းနှင့် သတင်းအချက်အလက် ရယူနိုင်မှုဆိုင်ရာ သိသင့်သည်များ၊ မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှုရှိသော မိဘ/အုပ်ထိန်းမှု အတတ်ပညာနှင့် လုပ်ကြံသတင်းများ၊ မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှုရှိသော မိဘ/အုပ်ထိန်းမှု အတတ်ပညာနှင့် ကျန်းမာရေး ဆိုင်ရာ သိသင့်သည့်အချက်များ၊ မီဒီယာနှင့်သတင်းအချက်အလက် သိနားလည်မှုရှိသော မိဘ/ အုပ်ထိန်းမှု အတတ်ပညာနှင့် ကြော်ငြာများဆိုင်ရာ သိသင့်သည့်အချက်များ၊ သတင်း အချက်အလက် ဝန်ပိခြင်းအားသိနိုင်သည့် အချက်အလက်များ စသည့်အချက်များကို ဒေသခံ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး အသိပညာပေးပြသ ဆောင်ရွက်ထားကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)