ပေါက်ခေါင်းမြို့နယ်တွင် မြို့နယ်လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

ပေါက်ခေါင်း အောက်တိုဘာ ၃၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ၁၃၈၅-ခုနှစ် သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့ မြို့နယ်လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီးကို ယမန်နေ့ မွန်းလွဲပိုင်းက ပြည်-ပေါက်ခေါင်း-တောင်ငူလမ်းမကြီး ဗိုလ်ချုပ်ကျောက်ရုပ်မှ ပြည်သူ့ဆေးရုံကြီးရှေ့တ‌လျောက် ဆွမ်းလောင်းစုရပ်အသီးသီး၌ ကျင်းပလောင်းလှူကြသည်။

ဆွမ်းဆန်စိမ်းလောင်းလှူပွဲ၌ မြို့နယ်အတွင်းရှိ ဆရာတော် သံဃာတော်အရှင်သူမြတ် (၁၇၀)ပါးအား မြို့နယ်ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့် မိသားစုများ၊ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများက စုပေါင်း၍ ဆွမ်းဆန်တော်နှင့် လှူဒါန်းဖွယ်ရာများကို လောင်းလှူခဲ့ကြကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)