ကလေးမြို့နယ်အတွင်း ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ စိုက်ပျိုးထားသော မိုးစပါး မျိုးစေ့ထုတ် ကွက်များအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကလေး အောက်တိုဘာ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက မောက်လင်းကျေးရွာအတွင်းရှိ CERP အစီအစဉ်အရ စိုက်ပျိုးထားသော ဧရာမင်းမိုးစပါးစိုက်ခင်း အတွင်း ပိုးမွှားရောဂါ ကျရောက် မှုရှိ/မရှိ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင်  ဧရာမင်းမိုးစပါးများအား စံချိန်မီသည့် မျိုးကောင်း မျိုးသန့်များ ထုတ်လုပ် နိုင်ရေးအတွက် မျိုးကွဲပယ်ခြင်းလုပ်ငန်းများကိုတောင်သူများအားပြသပြီး စိုက်ခင်းများနှင့်ပတ်သက်၍ အခက်အခဲ တစ်စုံတစ်ရာဖြစ်ပေါ်ပါက ဆက်သွယ်မေးမြန်းနိုင်ရန် အတွက် လိပ်စာကတ် (Call Centre) များအား ဖြန့်ဝေခဲ့ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်အတွင်း ဧရာမင်းမိုးစပါး (၅၁၀)ဧက နှင့်ဆင်းသုခ ဧက (၉၀) စုစုပေါင်းဧက (၆၀၀) တို့ကိုစိုက်ပျိုးကာ မျိုးစေ့ထုတ် တောင်သူ များအား  CERP အစီအစဉ်အရ ထောက်ပံ့ငွေများ ပေးအပ်ထောက်ပံ့ခဲ့ကြပြီး သက်ဆိုင် ရာ ဆိုင်ပျိုးရေးကွင်း ဝန်ထမ်းများကလည်း မျိုးစေ့များ အဆင့်အတန်း ပြည့်မီစေရန် အတွက် နေ့စဉ်ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ထန်းဖုန်(ပြန်/ဆက်)