ဟားခါး အောက်တိုဘာ ၃၀
ချင်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင် ဦးဆောင်ကြီးမှူး၍ အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၉ နာရီက ဟားခါးမြို့၊ ဇေတဝန် တောရစာသင်တိုက်နှင့် တရားဓမ္မရိပ်သာ၌ သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်ပွဲနှင့် ခင်ပွန်ကြီးဆယ်ပါးကန်တော့ပွဲ အခမ်းအနား ကျင်းပရာ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးနေစိုး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး မိုးဟိန်း၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးကျော်စိုးဝင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ စေတနာရှင်များနှင့် ဒေသခံဗုဒ္ဓဘာသာဝင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ “ နမောတဿ ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနား ဖွင့်လှစ်ပြီး ( ၉ ) ပါးသီလ ဆောက်တည်ကြကာ မြတ်စွာဘုရား၏ ဂုဏ်တော် ( ၉ ) ပါးကို ပူဇော်သောအားဖြင့် သစ်သီး ( ၉ ) မျိုး ၊ မုန့် ( ၉ ) မျိုး ၊ ယို ( ၉ ) မျိုး ၊ ပန်း ( ၉ ) မျိုး နံ့သာ ( ၉ ) မျိုးနှင့် ဆွမ်း ၊ ပန်း၊ ရေချမ်း ၊ ဆီမီးနံ့သာနှင့် စတုဒီတာတို့ကို ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ် သယံဇာတရေးရာဝန်ကြီး၊ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ်၊ ခရိုင် ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ စေတနာရှင်များနှင့် ဒေသခံဗုဒ္ဓဘာသာဝင်များက ပူဇော် ဆက်ကပ် လှူဒါန်းကြသည်။
ထို့နောက် အဘိဓမ္မာအခါတော်ပွဲ၊ ခင်ပွန်းကြီးဆယ်ပါး ကန့်တော့ပွဲပြုလုပ်ပြီး ဟားခါး၊ ဇေတဝန်တောရစာသင်တိုက်နှင့် တရားဓမ္မရိပ်သာ ကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက ဒေါက်တာ ဘဒ္ဒန္တတေဇောသာ ( ဓမ္မကထိကဋ္ဌဗဟုဇနဟိတဓရ၊ ဂန္ထဝါစက ပဏ္ဍိတ ) အရှင်မြတ်ထံမှ ကုသိုလ်ကောင်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချ အမျှပေးဝေကာ “ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု ” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနား ရုပ်သိမ်းပြီး သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ခရိုင် ( ပြန် / ဆက် )