လက်ပံတန်း အောက်တိုဘာ ၃၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့၊ ခမုံကျေးရွာအုပ်စု၊ တာအနောက်ကျေးရွာ မြစ်မခမြစ်အတွင်း ရေကျချိန် ယနေ့နံနက် ၉ နာရီခန့်တွင် ကမ်းပါး ပြိုမှုဖြစ်ပွားခဲ့သဖြင့် နေအိမ်(၂)လုံး၊ အိမ်ထောင်စုနှစ်စုအား ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ရကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ်မှုဖြင့် အလျား ၁၅ ပေ၊ အနံ ၁၅ပေ၊ အမြင့် ၁၂ပေ သွပ်မိုးပျဉ်ကာနှင့် ထရံကာနေအိမ် (၂)လုံး၊ အိမ်ထောင်စု (၂)စု၊ ကျား (၄)၊ မ (၂)၊ စုစုပေါင်း လူဦးရေ (၈)ဦးအား ဘေးလွတ်ရာသို့ ပြောင်းရွှေ့၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး အခြားလူနှင့် တိရိစ္ဆာန်များ ထိခိုက်ပျက်ဆီးမှု မရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)